အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ယနေ့တွင် ကျရာက်သည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၇)နာရီ (၄၀)မိနစ်အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်သည်။
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်‌မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် အလံအလေးပြုခြင်း အခမ်းအနားကို ယနေ့ နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်/ကျေး အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်‌ရောက်၍ နိုင်ငံတော်အလံကို အလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် တပ်ဖွဲ့ဝင်တို့အား အလေးပြုခဲ့ကြသည်။
Feb 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ဘောလုံးကွင်းဟောင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ မိနစ် ၄ဝ က ကျင်းပခဲ့သည်။
Feb 12,2022
၂၀၂၂  ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက  ပြင်ဦးလွင်မြို့ရှိ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ ပြည်ထောင်စုရင်ပြင်၌  ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့သည်။   
Feb 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံး၊စစ်‌ရေးပြကွင်းတွင် ယနေ့နံနက် ၅နာရီခွဲ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။
Feb 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ဘောလုံးကွင်းဟောင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား လွှင့်တင်ခြင်း နှင့် အလေးပြုခြင်းကို ပြုလုပ်ခဲ့သည်။
Feb 12,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအတွင်းရှိ လွတ်လပ်ရေး အလံတိုင်ကွင်းရှေ့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြု ကြသည်။
Feb 12,2022
မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။