Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပုလောမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်…
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှု ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုး မြန်မာနိုင်ငံကလေးများနေ့ အကြို လှုပ်ရှားမှုကျောင်းပေါင်းစုံ ကာ…
Feb 11,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော် လူမှုဝန်ထမ်း ဦးစီးဌာနက ကျင်းပသည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ ကလေးများနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ကျောင်းပေါင်းစုံ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ဇမ္ဗူသီရိမြို့နယ်၊ တော်ဝင်ရတနာ မူလတန်းကြိုကျောင်း၌ ကျင်းပရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်၊
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြောပြိုင်ပွဲကျင်းပ
Feb 11,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မူလတန်းဆင့် ပုံပြောပြိုင်ပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသူများ၏ ရင်တွင်းစကားသံများ
Feb 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် အသက် ၁၈ နှစ်အထက် ပြည်သူများ၊ သံဃာတော်များ၊ အသက် ၆၅ နှစ် နှင့်အထက် အဘိုးအဘွားများ၊ အစိုးရ၊ ပုဂ္ဂလိက ဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေး ဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများ၊ လူမျိုးမရွေး၊ ဘာသာမရွေး ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စဉ်ဆက်မပျက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုလို ကြားသိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၌ သံဃာ့ဆေးကုသဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ
Feb 11,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ တိုက်နယ်ဆေးရုံဝင်း၌ ယနေ့ နံနက် ၉နာရီက ဌာနဆိုင်ရာများနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်း ဆောက်လုပ်ထားသည့် သံဃာ့ ဆေးကုသဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့် ရေစက်သွန်းချအလှူတော် မင်္ဂလာပွဲ အခမ်းအနား ကျင်းပသည်။ အခမ်းအနာကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ကျိုက်ဒုံမြို့ ကွင်းကလေးကျောင်းတိုက် ဆရာတော်ထံတွင် အလှူရှင်များက ငါးပါးသီလခံယူခြင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်မှ သံဃာ့နာယကဩဝါဒဆရာတော်၊ သံဃာတော်များထံတွင် သံဃာ့ဆေးကုသဆောင် ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ရသည်များအား လျှောက်ထားပြီး တိုက်နယ် ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးထံ လွဲပြောင်းပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြည်ကြီးမဏ္ဍိုင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ကျင်းပ
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီ အချိန်တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာလမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်း ရာနှုန်းပြည့်ပြီးစီး
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများ၏ လူနေမှုဘဝတိုးတက် မြင့်မားလာစေရေးနှင့် သွားလာရေး လွယ်ကူ အဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာ လမ်းပေါ်တွင် Box Culvert တစ်စင်း တည်ဆောက်ပေးခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 11,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲ များကို ယနေ့နံနက် ၈ နာရီက သံဖြူဇရပ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22585
Page
22586
Page
22587
Page
22588
Current page
22589
Page
22590
Page
22591
Page
22592
Page
22593
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department