Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ညောင်ဦးခရိုင်တွင် ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနား ကျင်းပ
Feb 12,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံးရှေ့တွင် ယနေ့ နံနက် ၅ နာရီခွဲချိန်တွင် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပ
Feb 12,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ယမန်နေ့(၁၁-၂-၂၀၂၂) ရက်နေ့ နံနက်(၁၀)နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် (Talk Show)ကို စာရေးဆရာမကြီး ဒေါ်ရွှေကူမေနှင်းက ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် အကြောင်းအရာများကို နောင်လာနောက်သားများ သိရှိစေရန်ရည်ရွယ်၍ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်း စကားပြောနှင့် ပန်းချီပြိုင်ပွဲ ဆုနှင်းပွဲ ပုသိမ်တက္ကသိုလ်တွင် ကျင်းပ
Feb 12,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ကျပန်းစကားပြောနှင့် ပန်းချီပြိုင်ပွဲဆုနှင်းပွဲကို ၂၀၂၂ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ နေ့လည်ပိုင်း အချိန်က ပုသိမ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာပါမောက္ခချုပ် ဒေါက်တာသန်းထွန်းက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ မြန်မာစာဌာနပါမောက္ခ (ဌာနမှူး) ဒေါက်တာ သန်းထိုက်က ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူစာရင်း အား ကြေညာသည်။ ထို့နောက် တာဝန်ရှိသူများက ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီးဆုရ ရှိကြသူများကိုယ်စား ပထမနှစ်မဟာဝိဇ္ဇာ မြန်မာစာကျောင်းသူ မငြိမ်းငြိမ်းက ကျေးဇူးတင်စကားပြောကြားကာ ဆုရရှိသူများနှင့် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနား မြေပုံမြို့၌ ကျင်းပ
Feb 12,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၅ နာရီခွဲတွင် မြေပုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ပြုလုပ်ကျင်းပ…
Feb 12,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ အတွေးအခေါ်ကောင်းများ ရင့်သန်လာစေရန်၊ နေ့ထူးနေ့မြတ်များကို အမှတ်ရစေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ပြောတတ်ဆိုတတ်သည့် လူရည်မွန်များဖြစ်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုများ ရှိလာစေရန်နှင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ ၂၀၂၂ခုနစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုန့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်းချီ၊ ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၁) နာရီက ပြုလုပ်ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွတ်ခိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ (အကြို)ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်
Feb 12,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဆေးရောင်ခြယ်ပြိုင်ပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကွတ်ခိုင် မူလတန်း ကြိုကျောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၁) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခမ်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Feb 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၉) ကျောင်းရှိ အသက်(၁၆)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မှု ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Feb 12,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက် မှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22579
Page
22580
Page
22581
Page
22582
Current page
22583
Page
22584
Page
22585
Page
22586
Page
22587
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department