မြေပုံ ဖေဖော်ဝါရီ ၁၂
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့၌ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အထိမ်း အမှတ် ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက မြေပုံမြို့ရှိ အခြေခံပညာမူလတန်းကျောင်း(သဲတန်းရှေ့) ခန်းမ၌ ကျင်းပသည်။
ထို့နောက် မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက "ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ" ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားကိုယ်စားလှယ် (၂၃) ဦးတို့အကြောင်းများ ကိုလည်း ရှင်းလင်းဟောပြောဆွေးနွေးကြောင်း၊ အခြေခံပညာမူလတန်းတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းရွှေက"ပြည်ထောင်စုသမိုင်း" ခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးကြသည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက (၇၅)ကြိမ်မြောက် စိန်ရတု ပြည်ထောင်စု နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေကြောင်း အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၁၅၀ ကျော်ခန့် တက်ရောက်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)