ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀) နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးစီးမှူး ဦးသန်းအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူး ဦးသောင်းထွဋ်ဦးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးသန်းအေး က ပြောကြားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ကိုင်ဆောင်သူများ လိုက်နာရမည့် စည်းကမ်းချက် များ၊ နိုင်ငံသားစိစစ်ရေးကတ် အသုံးဝင်ပုံ တို့ကို အသေးစိတ်ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရာ အရှေ့ပိုင်းခရိုင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးသန်းအေးနှင့် တာဝန်ရှိသူများက အသက် (၁ဝ)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၆)ကတ်အား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျောင်းများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ(ပြန်/ဆက်)