(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ရန်ကုန် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များအား အစဉ်သတိရ အောက်မေ့ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ မန်နေ့ နံနက်ပိုင်းက ကျောင်းများ၊ ဈေးများ၊ ဌာန ဆိုင်ရာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များက အသိ ပညာ ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်၊

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အစဉ်အလေးထားရမည့် ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ် အောင်ဆန်း၏ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ပြောကြားခဲ့သည့် ပင်လုံမြို့ စော်ဘွားများ ထမင်းစားပွဲတွင် ပြောကြားခဲ့သော မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူ လူထုသို့ ပြောကြားသည့် မိန့်ခွန်းမှကောက်နှုတ်ချက်၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ခဲ့ကြ သူများ၊ "ပြည်ထောင်စုသား ဒို့လက်များသည်" ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင် ကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)