Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပလင်းကမ်းသာယာ ဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၃၄၀)ကြိမ်ရှိလာ
Feb 14,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေး ကျွေးမှုများပြားလာကြောင်း သစ်အုပ်ကြီး ဦးစောဝါးဝါးထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်လမ်းပေါ်တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Feb 14,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင် ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၁၄.၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၁၅) ရက်နေ့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် Quarantine Centre များ ကြိုတင်ပြင်ဆင်ထားနိုင်ရေးကြည့်ရှုစစ်ဆေး
Feb 14,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် Quarantine Centre များ ကြိုတင်ပြင်ဆင် ထားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ mobile နည်းဖြင့် ထိုးနှံပေးနိုင်ရေးတို့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ တချို့ကျေးရွာအုပ်စုများတွင် မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှု
Feb 14,2022
မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ ကြာအင်း ကျေးရွာအုပ်စု၊ ကျောက်ချက်ကျေးရွာအုပ်စု၊ မွှန်းညောင်ပင်သာကျေးရွာအုပ်စုများသို့ ရောက်ရှိ၍ မြစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးနိုင်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းအခမ်းအနားကျင်းပ
Feb 14,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၌ မြို့နယ်သံဃာ့နာယကအဖွဲ့များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ပွဲကို ပေါက်တောမြို့ မြို့နယ်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နံနက် (၉)နာရီက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စစ်တွေမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကျင်းပ
Feb 14,2022
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာန၊ စစ်တွေမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှု ဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ ၅၉ ဦး လွတ်မြောက်
Feb 14,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁၅/ ၂၀၂၂နှင့် ၁၇/၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းမှတ်အားဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်နှင့် တရားရုံးစစ်ဆေးဆဲပြစ်မှုဆိုင်ရာ အမှုများကို ပိတ်သိမ်း၍ တရားခံများအားအမှုမှ လွှတ်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူများနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ လွတ်မြောက်သူ ၅၉ ဦးလွတ်မြောက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု ၁၇၉၁၆၉ ဦး ထိုးပေးနိုင်ပြီ
Feb 14,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၇၉၁၆၉ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22584
Page
22585
Page
22586
Page
22587
Current page
22588
Page
22589
Page
22590
Page
22591
Page
22592
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department