ကလိန်အောင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသ

ကလိန်အောင်   ဖေဖော်ဝါရီ  ၁၁

 အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်လာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်စာစောင်တွင် ယနေ့ နံနက် ၈ နာရီကပြသဆောင်ရွက် ထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော  ပြည်ထောင်စုနေ့ သမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင်လက်မှတ်ရေးထိုးသည့်ပုဂ္ဂိုလ်များ၊ ညီညွတ်ခြင်းသည်အင်အား တိုင်းရင်းသားများလက်တွဲထား၊ ပြည်ထောင်စု၏ ပြည့်ခွန်အား စသည့် သိသင့်သိထိုက်သည့် ပြည်ထောင်စုနေ့သမိုင်း အကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများနှင့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပြသဆောင်ရွက်ပေးထားရာ အ-ထ-က၊ ကလိန်အောင်မှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ မှတ်သားလေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

မိုးမိုးခိုင်