အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား နေ့ထူးနေ့မြတ်များနှင့် အထိမ်းအမှတ်နေ့များအား အစဉ်သတိရ အောက်မေ့ပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်များဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက ကျောင်းများ၊ ဈေးများ၊ ဌာန ဆိုင်ရာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်များက အသိ ပညာ ဗဟုသုတရရှိစေရန် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်၊
Feb 11,2022
 အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရင့်သန်လာစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ခင်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်  အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ နံရံကပ်စာစောင်တွင် ယနေ့ နံနက် ၈ နာရီကပြသဆောင်ရွက် ထားကြောင်း သိရသည်။
Feb 11,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာဖတ်ရှိန်မြှင့်တင်ရေး ပြိုင်ပွဲများနှင့် အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Feb 11,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကိုယနေ့နေ့လည်(၁)နာရီ အချိန်က သံတောင်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Feb 11,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီက အောင်သာဝတီခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်/ မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း လက်ရှိဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ကုသရေး အသိပညာပေး လုပ်ငန်းများနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်တွင် လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။