ဗိုလ်တထောင်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်

ဗိုလ်တထောင် ဖေဖော်ဝါရီ ၁

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန (Community Centre) ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဒေါ်သိန်းသိန်းယဉ်က အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် ကိုဗစ်-၁၉ ကာလအတွင်း ပြည်သူများအား အသိပညာဗဟုသုတစေရန် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ လစဉ်ရိုက်ကူး လွှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲကို ဆောင်ရွက်ရာ ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံ အကြောင်းအရာများ၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာများ၊ နေထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ကို အစဉ်အမြဲ သတိရစေရေးအကြောင်း အရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိ ပညာဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို ဗိုလ်ထောင်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှ ထုတ်လွှင့်ပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်