အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2022
၂၀၂၂ခုနှစ်၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၄)ခရိုင် အသက်(၁၄)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ မြောက်ပိုင်းခရိုင် ဘောလုံးအသင်းမှ ရွှေပြည်သာမြို့ နယ် ကိုယ်စားပြုကစားသမား(၁၅)ဦးအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်( ‌၁၀) နာရီအချိန်တွင် ရွှေပြည်သာမြို့နယ် အ-ထ-က(၁) ရွှေပြည်ရတနာခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
Feb 12,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေးကောလိပ်(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ဆုပေးပွဲ(ပြည်နယ်အဆင့်နှင့် ပညာရေးဒီဂရီကောလိပ်အဆင့်)ကို ယမန်နေ့မွန်းလွဲ(၁) နာရီက တောင်ကြီးမြို့ ပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။
Feb 12,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးခရိုင်  ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျောင်းသား/ကျောင်းသူများ ဉာဏစွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ပုံတူပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွှဲ ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2022
ရန်ကုန်တိုင်းသေကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်အတူ ဝန်ထမ်းအဖွဲ့များသည် အမှတ် (၉)ရပ်ကွက် သာသနာ့ဗိမာန်ဓမ္မာရံ၌ ယမန်နေ့နံနက် ၁၀ နာရီက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
Feb 12,2022
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မြို့နယ်ပညာရေးဌာနတို့နှင့် ပူးပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ သည်။
Feb 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကိုယမန်နေ့ နံနက် ၁၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 12,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် Talk Show အား ယနေ့နေလယ်၂နာရီက  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။