မအူပင် ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ (အလွတ်တန်း) ဖူဆယ်ဘောလုံးနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၀)ရက်နေ့ ညနေ ၄ နာရီက အိုင်ဝိုင်းကျေးရွာ AM Futsal Court Service တွင် ကျင်းပသည်။
ဆုပေးပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အား/ကာဦးစီးမှူး ဒေါ်ဇင်မာခိုင်နှင့် တာဝန်ရှိသူများ၊ ဆုရရှိသည့် အားကစားသမား များ တက်ရောက်သည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် အမှတ်(၁၁)ရပ်ကွက် အသင်းကပထမ၊ အမှတ်(၂)ရပ်ကွက်အသင်းက ဒုတိယနှင့် အိုင်ဝိုင်းကျေးရွာအသင်းက တတိယရရှိခဲ့ပြီး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမှတ်(၁၁) ရပ်ကွက်အသင်းကပထမ၊ အမှတ်(၈)ရပ်ကွက်အသင်းက ဒုတိယနှင့် အမှတ်(၂)ရပ် ကွက်အသင်းက တတိယအသီးသီးရရှိခဲ့သည်။ ပြိုင်ပွဲများတွင် ဂိုးသွင်းအများဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ အကောင်းဆုံး ကစားသမားဆု၊ အတိုးတက်ဆုံး ဂိုးသမားဆု၊ အတိုးတက်ဆုံး ကစားသမားဆုများအား တစ်ဦးချင်းဆုတံဆိပ်နှင့် တံခွန်စိုက်ဆုဖလားများ၊ ငွေသားဆုများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်)