သံတွဲမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သံတွဲ ဖေဖော်ဝါရီ ၁၂

လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ သံတွဲမြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဒေါ်မင်းမင်းခိုင် ဦးဆောင်သောအဖွဲ့သည် ဖေဖော်ဝါရီ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ သံတွဲမြို့နယ် ဥယျာဉ်ပြင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၉ ရွာသို့ ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် အခြေပြုရာနေရာသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးစမိခင်များအား အိမ်တိုင်ရာရောက် သွားရောက်ကာ ကျား(၄၅)ဦး၊ မ (၄၉)ဦး စုစုပေါင်း (၉၄)ဦးအား နိုင်(၂)ကောက်ယူခြင်း၊ ဓါတ်ပုံ ရိုက်ကူးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သံတွဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ထံမှ သိရှိရသည်။                                                                                                                          

ခရိုင်ပြန်/ဆက်