အမြို့မြို့အနယ်နယ်သတင်းများ

Jun 29,2021
ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ (၂၀၁၈ - ၂၀၂၂) မဟာဗျူဟာစီမံကိန်း နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (NCMP) အရ ဝက်လက်မြို့နယ် တရားရုံးအနေဖြင့်  မှု့ခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program –CMP) ဖြင့် မှုခင်းများ စစ်ဆေးခြင်းကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှစ၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါသဖြင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် (Case Management Program -CMP) မိတ်ဆက်ပွဲ အခမ်းအနားကို ဝက်လက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
Jun 29,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီက ကော့သောင်း မြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Jun 29,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကျား/မ လူမှုရေးရာ၊ အမျိုးသမီးများ အားနည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်းနှင့် အမျိုးသမီးများ ဖွံဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း အသိပညာပေးသင်တန်းကို ယနေ့ နံနက် (၁၀)နာရီက ရမည်းသင်း ခရိုင်လူမှုဝန်ထမ်း မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။
Jun 29,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီကမအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 29,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အေးမြသာယာကျေးရွာတွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ၄၀၀ ဗို့အားလိုင်းတည် ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိရာ ယခုအခါ ၅၀ ရာခိုင်းနှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Jun 29,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ဇွန်လ နောက်ဆုံးအပတ်က မြို့အဝင်၊အထွက်နေရာများ၌ ကျန်းမာရေးစစ်ဆေးရေးဂိတ် Check Point များကိုပြန်လည်ဖွင့်လှစ်၍ စစ်ဆေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။