Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြန်အောင်မြို့တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အားကစားပြိုင်ပွဲများကျင်းပ
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Cerntre တွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများ၏ ပူဖောင်းညှပ်ကစားနည်း၊ အိတ်စွပ်အပြေးပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲများကို ယမန်န့မွန်းလွဲ ၂ နာရီကကျင်းပရာ မြို့နယ် ပြန်/ဆက်ဦးစီးမှူးနှင့် အ.မ.က တာကြီးတန်း ကျောင်းအုပ်ဆရာမကြီးတို့က ဆုရကျောင်းသား / ကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် လယ်မြေဧက ၂၅၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဖောက်လုပ်ပြီးစီး
Feb 16,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ် ၊ မူလခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူ မြို့နယ်အတွင်း ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူများ၏ လယ်မြေဧက ၂၅၀ အား အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုလုပ်ငန်းမှာ ယခုအခါ ရာနှုန်းပြည့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်လျက်ရှိ
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တုံတာမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေး
Feb 16,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHILED) နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Boos-TerDose) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင် စေတီတော်ကြီးရွှေထီးတော်အသစ် တင်လှူပူဇော်
Feb 16,2022
စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင် စေတီတော်ကြီး ရွှေထီးတော် အသစ် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပ်စေတီတော် ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီက ကျီတိုင်ကျေးရွာအုပ်စုအတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊သ င်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်း သွယ်၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့ တွင်အမှတ် (၁၉၅/က)နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလောင်အိမ်ခြေ (၂)လုံးနှင့် ကြိုတင်ဖျက်အိမ်ခြေ (၂)လုံး၊ စုစုပေါင်း အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ ကျား (၁၈)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း (၃၅)ဦးကို ယမန်နေ့၊ နံနက် ၉နာရီ ခွဲအချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန သဘာဝဘေးစီမံခန့်ခွဲမှုဌာနမှ အစားအသောက်၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်း များအား ကာယကံရှင်များ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကျင်းပ
Feb 16,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံး နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22544
Page
22545
Page
22546
Page
22547
Current page
22548
Page
22549
Page
22550
Page
22551
Page
22552
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department