မြန်အောင် ဖေဖော်ဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Cerntre တွင် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူလေးများ၏ ပူဖောင်းညှပ်ကစားနည်း၊ အိတ်စွပ်အပြေးပြိုင်ပွဲနှင့် စာအုပ်ရွက်ပြိုင်ပွဲများကို ယမန်န့မွန်းလွဲ ၂ နာရီကကျင်းပရာ မြို့နယ် ပြန်/ဆက်ဦးစီးမှူးနှင့် အ.မ.က တာကြီးတန်း ကျောင်းအုပ်ဆရာမကြီးတို့က ဆုရကျောင်းသား / ကျောင်းသူလေးများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများတွင် အများပြည်သူ အသိပညာဗဟုသုတ ရရှိစေရေးအတွက် ပြည်သူ့စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်း၊ ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ ဖြန့်ချိပေးပြီး သတင်းမှန်များစီးဆင်းစေခြင်း၊ အင်တာနက် ဝိုင်ဖိုင်အခမဲ့ ထုတ်လွှင့်၍ ဝန်ဆောင်မှုပေးခြင်း၊ ပြပွဲ၊ ပြိုင်ပွဲများ၊ အစည်းအဝေးများ၊ ဆွေးနွေးပွဲများနှင့် စာဖတ်ဝိုင်းများကျင်းပခြင်းစသည့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်ကို တွေ့ရပါသည်။
ပြန်/ဆက်ဦးစီးဌာနကို အများပြည်သူ ဝင်ထွက်သွားလာရာ နေရာတစ်ခုဖြစ်လာစေရေးအတွက် ပြည်သူလူထုအခြေပြုသည့် ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းများကို ဌာနအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ အခြားဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ပြည်သူများအား အသိပညာဗဟုသုတများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် လူထုအခြေပြုဗဟိုဌာန Community Centre အဖြစ် ပြောင်းလဲဆောင်ရွက်မှုများနှင့်အတူ လူထု အခြေပြု စာကြည့်တိုက် Community Library ဖြစ်ပေါ်လာရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးက ပြောကြားပါသည်။
ထွန်းဇော်ထွန်း(ပြန်/ဆက်)