နောင်ချို ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖတ်ပရိသတ်များ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ် စာပေများ ဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ ပျောက်ပျက်မသွားစေ ရေး ရည်ရွယ်ပြီး သုတ၊ ရသ စာအုပ်များ ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြ စာအုပ်များကို သွားရောက်ငှားရမ်းပေးခဲ့ကြ သည်။ အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထွေးငယ်၊ ပြန်/ဆက်