Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ဒုံမြို့၌ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဝင်လုံးချောင်း သံကူကွန်ကရစ်တံတား တည်ဆောက်မှု (၈၀)ရာခိုင်နှုန်းပြီးစီး
Feb 16,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၊ မြို့ရိုးတောင်ဝင်းလုံချောင်း၊ သံကူကွန်ကရစ် တံတားတည်ဆောက်ရာ၌ လယ်တော ကြီး ကျောင်းဆရာတော်၊ ရွာလုံးတောင်ကျောင်း ဆရာတော်တို့မှ ဦးဆောင်ပြီး အများတကာကောင်းမှု ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ နေ့စဉ်ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်…
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် နေ့စဉ်ဝန်ထမ်းများက ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ (၇၅)ကြိမ်မြောက် စိန်ရတု ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ ဓမ္မပူဇာ၊ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၅)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့်ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ၊ ဓမ္မပူဇာ ဆက်လက်လှူဒါန်းပွဲ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်သွန်းချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နေ့လည်(၁)နာရီ အချိန်က ကော့ဝန်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (omicrin) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ် နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ ဟိုနောင်ကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID )ကို ထိုးနှံပေး
Feb 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းမရှိသေးသော ဟိုနောင်ကျေးရွာ အုပ်စုအတွင်းရှိ အသက် (၁၈)နှစ်အထက် ပြည်သူတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIEID)ကို ယနေ့ နံနက် (၉)နာရီ အချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝက်လက်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများကို Sputnik Light Vaccine (Booster Dose) ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Feb 16,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ဖေဖော်ဝါရီလ ၁၅ ရက် နေ့မှ စတင် ပြီး ဌာနဆိုင်ရာဝန်ထမ်းများကို Sputnik Light Vaccine ကိုဗစ် ရောဂါ ကာကွယ်ဆေးကို ပြည်သူ့ဆေးရုံ ဝင်းအတွင်းရှိ သံဃာအဆောင်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်၌ Booster Dose ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိ
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ်ပြည်သူ့ဆေးရုံခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူများနှင့် ကာကွယ်ဆေး (၂) ကြိမ် ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်…
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်မှုမှ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွများနှင့် လူအသွားအလာများသည့် နေရာများ၌ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း ( Mask )နှင့် မျက်နှာကာ (Face shield)များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး ပိုစတာများ၊ ဗီနိုင်းများချိတ်ဆွဲ၍ အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22546
Page
22547
Page
22548
Page
22549
Current page
22550
Page
22551
Page
22552
Page
22553
Page
22554
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department