အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွွဲ အိုမီခရွန်ရောဂါ ကူးစက် ပြန့်ပွား မှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှှိလိုက်နာ ကြစေရန် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နေ့စဉ် အရှိန်အဟုန်မပြတ ဆောင်ရွက်လျက် ရှိရာ ယနေန့နက်ပိုင်းက ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက် ရေး အသိပညာပေးTalk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
Feb 16,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀နာရီက ရပ်စောက်မူလတန်းကြိုကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် မွေးကင်းစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ် ကျန်းမာရေးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ဆေးရုံ ဒေသန္တရတိုက်နယ်ဆေးခန်းများတွင် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် အနော်ရထားမင်းတည် ထားတော်မူခဲ့သော တဲနန်းတော်စေတီမြတ်ကြီး၏ မဟာပဌာန်းအောင်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ( ၁ ) နာရီအချိန်တွင် တဲနန်းတော်စေတီမြတ်ကြီး ဓမ္မဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့‌ နံနက် ၁၀ နာရီက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ် ဖြင့်စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။