Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မယ်စဲ့မြို့နယ် သစ်တောဦးစီးဌာနက လူထုဖြန့်ဝေရန်နှင့် စိုက်ပျိုးခင်းများအတွက် ပျိုးပင်များပျိုးထောင် ထားရှိ
Jun 30,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်း ကျင် သာယာစိုပြည်စေရေးနှင့် သစ်တောများ ရေရှည်တည်တံ့စေရန်အတွက် ပြန်လည်ပြုစု ပျိုးထောင် ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ပြည်သူလူထုသို့ ဖြန့်ဝေပေးရန်နှင့် မြို့နယ်အတွင်းရှိ သစ်တောစိုက်ခင်းများအတွက် သစ်တောဦးစီးဌာန ယာယီပျိုးဥယျာဉ်၌ ပျိုးပင်များကို ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့တွင် COVID-19 (Positive) ရောဂါပိုး (၁၂)ဦးတွေ့ရှိ
Jun 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် COVID-19(Positive) ရောဂါပိုး(၅)ဦး တွေ့ရှိခဲ့ပြီး အဆိုပါပိုးတွေ့သူ(၅)ဦးတို့မှာ ပုသိမ်မြို့ မြန်မာ့စီးပွားရေး ဘဏ်သို့ ငွေသွင်း၊ ငွေထုတ်ကိစ္စဖြင့် ဇွန်လ ၂၂ ရက်၌ နေ့ချင်းပြန်အတူ သွားရောက်ခဲ့ပြီး၊ အဆိုပါနေ့မှစ၍ ယနေ့ထိ ဖျားနာကြောင်း သတင်းရရှိသဖြင့် ယမန်နေ့ ညနေပိုင်းတွင် ဖျာပုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ စစ်ဆေးရာ ပိုးတွေ့သူ(၅)ဦး တွေ့ရှိပြီး ၎င်းတို့နှင့်ထိစပ်နေသော မိသားစုဝင်များအား ဖျာပုံခရိုင် ပြည်သူ့ဆေးရုံကြီး သို့ခေါ်ဆောင်၍ Antigen Diagnostic Test Kit(RDT) ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ ကိုဗစ်ပိုးတွေ့ရှိသူ(၇)ဦး ထပ်မံတွေ့ရှိရာ စုစုပေါင်း ပိုးတွေ့သူ (၁၂)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 30,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန့်နေ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဆမားခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်း သွားလာနေကြသော ပြည်သူများအား နှာခေါင်းစည်း တပ်ဆင်သွားလာရေးနှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင် အပူချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကြည်ညိုသဒ္ဓါပွားများစေဖို့ မြိတ်တစ်ဖက်ကမ်းက အတုလရံသီရွှေသာလျောင်း ဘုရားကြီးဆီသို့ အရောက်လှမ်းခဲ့ပါ
Jun 30,2021
မြန်မာနိုင်ငံ၏ တောင်ဘက် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တစ်ဖက်ကမ်းတွင် မြန်မာမှု အနုလက်ရာ သံတန်ဆောင်းတော်ကြီးဖြင့် ထုထည်ကြီးမား ခန့်ညားထည်ဝါ ကြည်ညိုဖွယ်ရာ အရှေ့အရပ်ကို မျက်နှာမူကာ ကိန်းဝပ်စံပယ်လျက်ရှိသည့် အတုလရံသီ ရွှေသာလျောင်းဘုရားကြီးကို ထူးခြားစွာ တည်ထားသည်ကို ကမ်းရိုးတန်း မြစ်ရေပြင်ကို ငေးကြည့်ရင်း လှမ်းမျှော် ဖူးတွေ့ရပါသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ရန်ပုံငွေကျပ်သိန်း(၃၀၀) ထုတ်ချေးပေး
Jun 30,2021
စစ်ကိုင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စစ်ကိုင်းမြို့နယ်၊ ကိုင်းပြင်ကျေးရွာအုပ်စု၊ လက်ပန်တောကျေးရွာတွင် ပထမအကြိမ် ရန်ပုံငွေကျပ်သိန်း(၃၀၀)ထုတ်ချေးပေး ခြင်းကို ယမန်နေ့၊ နံနက်ပိုင်းက အဆိုပါကျေးရွာတွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်တွင် ပဲခူးလမ်းဘေး (စက်လမ်းမှချောင်းထိပ်) အထိ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်
Jun 30,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးလမ်းဘေး (စက်လမ်းမှ ချောင်းထိပ်)အထိ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ဇွန်လ ၂၂ ရက်နေ့မှ စတင်ကာ ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဦးနိုင်လင်းဦး (လက်ထောက် အင်ဂျင်နီယာ)က ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်
Jun 30,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ မြို့နယ်အဆင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေး ပေါ် တုံ့ပြန်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီ အချိန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22540
Page
22541
Page
22542
Page
22543
Current page
22544
Page
22545
Page
22546
Page
22547
Page
22548
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department