Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ ကို ယနေ့ နံနက်ပိုင်း ကမဲကုန်းရပ်ကွက်၊ အုန်းပင်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေး နှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ခင်းဧက(၈၅)ဧကနှင့် စိမ်းလန်းစိုပြေရေးအတွက်ပျိုးပင်(၁၃၉၀၀)ပင်စိုက်ပျိုးသွားမ…
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစိမ်းလန်းစိုပြေရေး၊ မြေအောက်ရေ ထိန်းသိမ်းရေး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြေသာယာလှပစေရေးနှင့် ရာသီဉတုမျှတ ကောင်းမွန်လာစေ ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အပူပိုင်း စိမ်းလန်းစိုပြေ ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ခင်းဧက(၈၅)ဧကနှင့် စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်(၁၃၉၀၀)ပင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းနှင့် (Mask Campaign) ဆောင်ရွက်
Feb 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မြို့အဝင် ပုသိမ်-မုံရွာ လမ်းမကြီးလမ်းဆုံတွင် ယနေ့ နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သော ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့စခန်းမှ ပူးပေါင်းအဖွဲ့က အဆိုပါလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး မြေစိုက်ဘုတ် စိုက်ထူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့ ပြည်လုံးချမ်းသာစေတီတော်ရောင်တော်ဖွင့်ခြင်းနှင့် ဆီးမီးတစ်ထောင်ဆပ်ကပ်လှူဒါန်း
Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မင်းအိုကြီး သာသနာ့နယ်မြေအတွင်းရှိ ပြည်လုံးချမ်းသာစေတီတော်၌ ဒေသအတွင်းရှိပြည်သူများစုပေါင်း၍ ယမန်နေ့ည ၇ နာရီ အချိန်တွင် ရောင်တော်ဖွင့်ခြင်းနှင့် ဆီမီးတစ်ထောင်ဆပ်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးသင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲကျင်းပ
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ စကြာနွယ်စဥ်ရပ်ကွက် မီးဘေး သင့်ပြည်သူများအား အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်း (၃)နာရီက အဆိုပါရပ်ကွက်ရှိ ဆူးလေဗလီဝန်းအတွင်း ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 16,2022
ဧရာဝတီဝတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ရွှေခယ်သီရိ အားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့် စေတီတော်အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပ
Feb 16,2022
ကျိန္တလီမြို့ သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်အတွင်း သီရိမင်္ဂလာဆုတောင်းပြည့်စေတီတော် အုတ်မြစ်ချမင်္ဂလာအခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျိန္တလီမြို့၊ အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာမဟာဝိဟာရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားအဖြစ် Myanmar Fitness Dance အကသင်ကြားခြင်းများ ဆောင်ရွက်
Feb 16,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ကာ အားကစားကို စိတ်ပါဝင်စားပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား အားကစားဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် Myanmar Fitness Dance အကများ လေ့ကျင့်သင်ကြားပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22545
Page
22546
Page
22547
Page
22548
Current page
22549
Page
22550
Page
22551
Page
22552
Page
22553
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department