Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
အလုံမြို့နယ်၌ နိုင်ငံဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ကာကွယ်ဆေး(Booster) ထိုးနှံခြင်းဆောင်ရွက်
Feb 16,2022
အလုံမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster)ကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ ပြည်သူများအား အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း ( Mask)များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၌ လတ်တလောတွင် အိုမီခရွန်ရောဂါ အတည်ပြု လူနာများ ပြန်လည်တွေ့ရှိ များပြားလာသဖြင့်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၀၉:၀ဝ နာရီအချိန်က လမ်းမတော်မြို့နယ် အမှတ်(၇)ရပ်ကွက် လမ်းမတော်လမ်းနှင့် ကမ်းနား လမ်းထောင့်ရှိ၊ ညောင်ပင်လေးဈေးပလာဇာ၌ စျေးအတွင်း လူစည်ကားရာနေရာများတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲနှင့် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ဦးဆောင်၍ ဒေသခံ ပြည်သူများအား အိုမီခရွန်ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန် အသိပညာ ပေးပြီး၊ နှာခေါင်းစည်း Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Feb 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁ဝ)နာရီအချိန်က မြို့နယ်အဆင့် ကျောင်းကျန်းမာရေး ပညာပေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေရောင်ပြအင်းဘုရား ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီး၏ (၅) ကြိမ်မြောက် အသံမဆဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲသိမ်းပွဲအခမ်းအနားနှင့် ဘုရားအနေကဇာတင် အခမ်းအနားကျင…
Feb 16,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ နေရောင်ပြအင်းဘုရား၌ ပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး၏ (၅) ကြိမ်မြောက် အသံမဆဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲ အောင်ပွဲသိမ်းပွဲ အခမ်းအနားနှင့် ဘုရားအနေကဇာတင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တံတားဦးမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား Sputnik Light Vaccine (Booster Dose) အပိုဆောင်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 16,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်မှစတင်၍ နိုင်ငံ့ဝန်ထမ်းများကို Sputnik Light Vaccine ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား တံတားဦးမြို့ ပြည်သူ့ဆေးရုံအတွင်း၌ ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာ၌ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး(၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ကို ထိုးနှံပေးလျက် ရှိကြောင်းသိရသည် ။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသည့် “မေတ္တာအားသာချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Feb 16,2022
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများစုပေါင်း၍ စာရေးဆရာ လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသည့် “မေတ္တာအားသာချက်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၁၁၃၉၈)ဧက စိုက်ပျိုးပြီးဖြစ်
Feb 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုး ရန်လျာထားခဲ့ရာ(၁၁၃၉၇)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် လူကုန်ကူးမှု အန္တရာယ်ထားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်
Feb 16,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ပြည်သူများအနေဖြင့် လူကုန်ကူးမှုနှင့် ပတ်သက်သည့် အကြောင်းအရာများသိရှိစေရန် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ(၂)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22543
Page
22544
Page
22545
Page
22546
Current page
22547
Page
22548
Page
22549
Page
22550
Page
22551
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department