Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မော်လမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလူထုလှုပ်ရှားမှု Mask Campaign ဆောင်ရွက်
Jun 29,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လူထုလှုပ်ရှားမှု အသိပညာပေးMask Campaign ကို ယနေ့ နံနက် ၈ နာရီက ရွှေမြိုင်သီရိ ရပ်ကွက်စျေး အတွင်းနှင့် ဒိုင်းဝန်ကွင်း လမ်းမကြီးတစ်လျှောက် လမ်းသွားလမ်းလာပြည်သူများ လက်ဝယ် အရောက်နှာခေါင်းစည်း(Mask)အခုရေ (၁၀၀၀)အခမဲ့ဖြန့်ဝေ ပေးသည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များ ကွင်းဆင်းစစ်ဆေး
Jun 29,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များနှင့် ကုန်စုံဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ စောင့်ကြည့်ရေးကော်မတီ၊ ဌာနဆိုင်ရာများနှင့် ရက်ကွက် အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ
Jun 29,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၁-ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့မှစ၍ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို ကျင့်သုံးဆောင်ရွက်မည်ဖြစ်သောကြောင့် မှုခင်း စီမံခန့်ခွဲမှု အစီအစဉ် (CMP) ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဲချားမြို့တွင် အသက်(၂၅)နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်းအနား ကျင်းပ
Jun 29,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ ဖလားအသက်(၂၅)နှစ်အောက်ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က “ဖူဆယ်စတား” အားကစား ကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာတွင် မုန်းချောင်းကမ်းပြိုကာကွယ်ရေးအတွက် ဗာတီဗာမြက်များ စုပေါင်း စိုက်ပျိုး
Jun 29,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် ၊ မိုးရာသီ မြစ်/ချောင်းကမ်းပါး ပြိုကျမှု ကာကွယ်ရေးစီမံချက်ဖြင့် ယမန်နေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် ဂွေ့ကျေးရွာရှိ ဒေသခံ ပြည်သူများ မုန်းချောင်းကမ်းပါးပြိုကျမှုအန္တရာယ်ကင်းဝေးစေရေးအတွက် ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်းပြီး မုန်းချောင်းကမ်းပါး တစ်လျှောက် ဗာတီဗာမြက်ပျိုးပင်များ စုပေါင်းစိုက်ပျိုး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထီးချိုင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်(၉)နာရီက ဧရာဝတီတံတားအဆင်း ကြက်သွန်ခင်းလမ်းဆုံရှိကို ဗစ်-၁၉ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Mask Campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign လှုပ်ရှားမှုများ ဆောင်ရွက်
Jun 29,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှာခေါင်းစည်း တပ်ဆင်သည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက စည်ပင်သာယာ မြို့မဈေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign လှုပ်ရှားမှုများအဖြစ် ပါးစပ် နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငါးသားစားမှု ဖူလုံရေးအတွက် ၂ လက်မအရွယ် ငါကောင်ရေ ၂၆၀၀၀၀ ပုဂံညောင်ပင်ရေလွှဲပေါက်အတွင်း ငါးမျိုးစိုက်ထည့်
Jun 29,2021
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နှစ်စဉ်ဆောင်ရွက် လျက်ရှိသော ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ငါးသယံဇာတ မပြုန်းတီးရေး ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာအချိန်က သနပ်ပင်မြို့နယ် ပြွန်ပေါက်ကျေးရွာ ပုဂံညောင်ပင် ရေလွှဲပေါက်၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22548
Page
22549
Page
22550
Page
22551
Current page
22552
Page
22553
Page
22554
Page
22555
Page
22556
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department