တုံတာ ဖေဖေါ်ဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHILED) နှစ်ကြိမ်ထိုးနှံထားပြီးသော နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Boos-TerDose) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန် က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံပေးရာတွင် မြို့ကျန်းမာရေး ဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်စာရေး ဝန်ထမ်းများက စနစ်တကျ စာရင်းကောက်ယူ ဆောင်ရွက်ပေးခဲ့ပြီး တုံတာမြို့ရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ/ ဆရာမများ စုစုပေါင်း (၅၃)ဦးတို့အား ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုးနှံရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လှိုင်လှိုင်ငြိမ်း