အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကာကွယ်ဆေးလုံးဝမထိုးရသေးသည့် ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများကို နတ်တလင်းမြို့၊ ဇီကုန်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက်(၉) နာရီက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တပို့တွဲလပြည့်နေ့၊ ခရစ်နှစ် (၂၀၂၂)ခုနှစ် နှစ်စဉ်ကျင်းပမြဲဖြစ်သော ကောက်သစ်ဦးအလှူဌာနခေါ် မြန်မာ့ရိုးရာ ထမနဲပွဲတော်ကို မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ရွှေပြည်သာမြို့နယ် သံဃာနာယက ဆရာတော်ကြီးများအား ပူဇော်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြတ်စောညီနောင် ကြံတိုင်းအောင်ဘုရားတွင် ကျင်းပခဲ့သည်။
Feb 16,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၏ လမ်းညွှန်မှုအရ လက်ရှိဖြစ်ပွားနေသော ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး စောင့်ကြပ် ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေး ရည်ရွယ်၍
Feb 16,2022
မြစ်ကြီးနားခရိုင် ခရီးစဉ်‌ဒေသစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
Feb 16,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိ အသက်(၅၀)နှစ်အထက် နိုင်ငံဝန်ထမ်းများ၊ အသက် (၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာ​ရေးဝန်ထမ်းများ၊ ပညာ​ရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉​ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉​ ရောဂါ အန္တရာယ်ကင်း​ဝေး​စေ​ရေးအတွက် ယ​နေ့ နံနက် (၈)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမား​ရေးဦးစီးဌာန၌ Booster Dose ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေး ထပ်မံထိုးနှံ​ပေးလျက်ရှိ​ကြောင်းသိရသည်။
Feb 16,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် နွေရာသီရောက်လာပြီဖြစ်၍ ကျောင်းဝင်းအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရန် အတွက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2022
ဧရာဝတီဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက အလယ်ပိုင်းရပ်ကွက် သာသနာ့ဗိမာန်တွင် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 16,2022
ကျိုက်မရောမြို့ ကိုးနဝင်းစေတီတော် ဗုဒ္ဓပူဇနိယပူဇော်ပွဲ အထိမ်းအမှတ် မြန်မာ့ရိုးရာလှေလှော် ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျိုက်မ​​ရောမြို့၊ ရှင်​စောပုရပ်ကွက်၊ ကမ်းနားဆိပ်တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် ပြည်နယ် ၀န်ကြီးများ တက်ရောက်ကြသည်။