ရန်ကုန်အရှေ့ပိုင်းခရိုင်၊သ င်္ဃန်းကျွန်းမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သော မီးဘေးသင့်အိမ်ထောင်စုများသို့ ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်း

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ ယုဇနလမ်း သွယ်၊ ဖေဖော်ဝါရီ(၁၁)ရက်နေ့ တွင်အမှတ် (၁၉၅/က)နေအိမ်၌  မီးစတင်လောင်ကျွမ်းခဲ့ရာ အိမ်ခြေ (၂)လုံး၊ တစ်စိတ်တစ်ပိုင်းလောင်အိမ်ခြေ (၂)လုံးနှင့် ကြိုတင်ဖျက်အိမ်ခြေ (၂)လုံး၊ စုစုပေါင်း အိမ်ခြေ (၆)လုံး၊ အိမ်ထောင်စု (၆)စု၊ လူဦးရေ ကျား (၁၈)ဦး၊ မ (၁၇)ဦး၊ စုစုပေါင်း (၃၅)ဦးကို ယမန်နေ့၊ နံနက် ၉နာရီ ခွဲအချိန်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သဘာဝဘေးစီမံခန့်ခွဲမှုဌာနမှ အစားအသောက်၊ ဆေးဝါးနှင့် အခြေခံလူသုံးကုန်ပစ္စည်း များအား ကာယကံရှင်များ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မီးလောင်မှု ဖြစ်ပွားခဲ့သော အိမ်ထောင်စု( ၁) စုစီအတွက် ငွေကျပ်(  ၂) သိန်း နှင့် ကူးစက်မှုခံရသော အိမ်ထောင်စု တစ်စုစီအတွက် ငွေကျပ် ၉ သောင်း နှင့်မီးဘေးသင့်သော အခြား အိမ်ထောင်စု တစ်စုစီအတွက် ငွေကျပ် (၁) သိန်းစီနှင့် အသုံးအဆောင် ပစ္စည်း (၁၇)မျိုးအား ကာယကံရှင်များလက်ဝယ် ပေးအပ် လှူဒါန်းခဲ့ကြောင်းသိရသည်။

ထို့နောက် မီးဘေးသင့်အိမ်ထောင်စုများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုများမဖြစ်ပေါ်စေရန် တာဝန်ရှိသူများက အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။

စန္ဒာမိုး