မြစ်သားမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေး

မြစ်သား ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သောကတ် တစ်မျိုးမျိုး ထုတ်ပေးနိုင် ရေးအတွက် မေလ(၃)ရက်နေ့မှစတင်ပြီး ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉)နာရီက ကျီတိုင်ကျေးရွာအုပ်စုအတွင်း Door to Door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ပေးကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ခြင်းကို အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းဆွေနှင့်ဝန်ထမ်းများကအဖွဲ့(၅)ဖွဲ့ခွဲ၍  မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွွာများမှ ပြည်သူများ အားကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ ဖေဖော်ဝါရီ(၁၆)ရက် (ယနေ့)တွင် ကျီတိုင်၊ သပြေတောင်း၊ ပျော်ရွာ၊ သီခေါင်ကျေးရွာနှင့် မြိုင်ကုန်းကျေးရွာများအတွင်းသို့ နိုင်ငံသားစိစစ်ရေးကတ် ပြားပြုလုပ်ပေးခြင်း၊ အသစ်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စု လူဦးရေ စာရင်းများစိစစ်၊ လဲလှယ်ခြင်း လုပ်ငန်းများ ကိုDoor to Door စနစ်ဖြင့်နေအိမ်များအရောက် ကွင်းဆင်းဆောင် ရွက်ပေးခြင်းနှင့် အတူ ပန်းခင်းစီမံချက်လုပ်ငန်းများကို ပြည်သူများ  ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်ရန်အတွက် ပန်းခင်းစီမံချက် လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးရာ  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်ဝန်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီတာအောင်(မြစ်သား)