စစ်ကိုင်း ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရတနာစေတီ ဆင်များရှင် စေတီတော်ကြီး ရွှေထီးတော် အသစ် တင်လှူပူဇော်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပ်စေတီတော် ကြီး ရင်ပြင်တော်ပေါ်၌ ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။
ထီးတော်တင်လှူပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ(ရွှေကျင်) ရတနာဓုဝံ ကျောင်းတိုက်ဆရာတော်ဘုရားကြီး အမှူးပြုသော သံဃာတော် များကြွရောက်တော်မူကြပြီး စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲများ၊ အလှူရှင်မိသားစုများ၊ ဖိတ် ကြားထားသူများ တက်ရောက်ကြည်ညို၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ရွှေထီးတော်ဘုံအဆင့်ဆင့်တို့ကို အမွှေးနံ့သာများပတ်ဖျန်း၍ တင်လှူပူဇော်ခဲ့ကြ သည်။
ရတနာစေတီ ဆင်များရှင်စေတီတော်ကြီးသည် ၂၀၁၂ ခုနှစ် နိုဝင်ဘာ(၁၁)ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျှင်ဒဏ်ကြောင့် လုံးပတ်တော်များအက်ကွဲခြင်း၊ ထီး တော်မှအရံစိန်ဖူးတော်နှင့်အချို့သော ရတနာပစ္စည်းများ မြေခခဲ့ကြရကာ သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်လမ်းညွှန်မြွတ်ကြားမှုဖြင့် ၂၀၁၈ ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့မှ စတင်ကာ ဘုရာဂေါပကအဖွဲ့များက အကြီးစား ပြုပြင်မွမ်းမံတော်မူခဲ့ကြပြီး လာမည့်တပေါင်းလပြည့်နေ့တွင်လည်း စိန်ဖူးတော်အသစ် တင်လှူပူဇော်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်