Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သင်္ဃန်းကျွန်းမြို့နယ်အတွင်း သောက်သုံးရေ အခက်အခဲရှိသော အိမ်ထောင်စုများထံသို့ သောက်သုံးရေများ ပေးအပ်လှူဒါန်း
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ သောက်သုံးရေ အခက်ခဲရှိသော အိမ်ထောင်စုများထံသို့ ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ ရေဘောက်ဆာ ကားများဖြင့် သောက်သုံးရေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးအသိပေးနှိုးဆော်
Mar 15,2022
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် လာရောက် ရောင်းချပေး
Mar 15,2022
ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့် မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် အမဲသား၊ ဆိတ်သားများ ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေး နေကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ…
Mar 15,2022
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၁၂)ပါးနှင့် သီလရှင်(၁)ပါးတို့အား ဘွဲ့တံဆိပ် တော်ဆက်ကပ်လှူဒါန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အားကစားအသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော အားကစားနည်းများနှင့် ပတ်သက်သော အကြောင်းအရာများ ဟောပြောခြင်း၊ လက်တွေ့သရုပ်ပြ ကစားခြင်းနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း တော်ဝင်သဇင်ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဒဂုံမြောက်၌ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Mar 15,2022
ယခုအခါ ပူပြင်းခြောက်သွေ့သော ဆောင်းရာသီ ကုန်ဆုံး၍ နွေရာသီသို့ ကူးပြောင်းရောက်ရှိ လာပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရပ်ရွာအတွင်း မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ယမန်နေ့ ညပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်တွင် ရပ်ကွက်တာဝန်ရှိသူများမှ လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင် နေ့စဉ် အိမ်ထောင်စု (၆၁၀၄) ဦးအား သောက်သုံးရေချိုများ ဖြန့်ဖြူး ပေး
Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နေပြည်သူများအတွက် သောက်သုံးရေချို များကို နေ့စဉ် အိမ်ထောင်စု (၆၁၀၄) စုအား ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Mar 15,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22097
Page
22098
Page
22099
Page
22100
Current page
22101
Page
22102
Page
22103
Page
22104
Page
22105
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department