ကျိုက်ထိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်

 

ကျိုက်ထို မတ် ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊  စည်ပင် သာယာရေး၀န်ထမ်းများက ကျိုက်ထိုမြို့ရှိ လူစည်ကားရာနေရာများဖြစ်သည့် စည်ပင်သာယာဈေးများနှင့် မြို့နယ် မီးသတ် ဦးစီးဌာနရုံးရှေ့တို့တွင် ဈေးရောင်း၊ စျေးဝယ်ပြည်သူများနှင့် ခရီးသွားလာပြည်သူများအား အိုမီခရွန် အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ‌‌လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း    Mask ကို စနစ်တကျတပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများကို     အကြိမ်ပြည့် မပျက်မကွက်မကွက်ခံယူကြရေး စသည်တို့ကို အသိပညာပေးပြောကြားပြီး      နှာခေါင်းစည်းများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းသန်းမော်(ကျိူက်ထို)