တောင်ဥက္ကလာပ မတ် ၁၅
ယခုအခါ ရာသီဥတုပူပြင်းသော နွေရာသီသို့ ကူးပြောင်းရောက်ရှိလာသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်း မီးဘေးလုံခြုံရေးအတွက် ယမန်နေ့ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာမှ မြို့နယ်အတွင်း လှည့်လည်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာ ကွယ်ရေး အသိပညာပေး နှိုးဆော်ရာတွင် မြို့နယ် မီးသတ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဇင်မင်းဦးဆောင်၍ တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း(၁၃) ရပ်ကွက်အတွင်း ပြည်သူများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော် ဆောင်ရွက် ရာတွင် မိမိတို့နေ အိမ်ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်များအား ရှင်းလင်းထားရန်၊ မီးဖိုများကို လုံခြုံစိတ်ချရအောင် သွပ်ပြားများကာ ရံအသုံးပြုကြရန်၊ မီးဖိုအနီးတွင်လောင် စာပစ္စည်းများ မထားရှိရန်၊ ဖယောင်း တိုင်မီး၊ အမွှေးတိုင်မီးနှင့် ခြင်ဆေးခွေမီးများကို မီးမလောင် စေနိုင်သည့်ပစ္စည်းများပေါ်တင်၍ အသုံးပြုကြရန်၊ မီးဖိုမီးနှင့်အခြားမီးများ အသုံးပြုလျှင်လည်း သတိနှင့်အသုံးပြုကြရန်၊ အသုံးပြုပြီးလျှင် သေချာစွာငြိမ်းသတ်ခဲ့ရန်၊ လျှပ်စစ်မီးအသုံးပြုပါက ပျက်စီးယိုယွင်းနေသော မီးဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် ပစ္စည်းများကို အသုံးမပြုကြရန်၊ လျှပ်စစ်မီး အသုံးပြုပြီးလျှင် မီးခလုတ်၊ မီးပလပ်များပိတ်ရန် ဖြုတ်ရန် အပြင်ထွတ်သည့် အချိန်တွင် မိမိတို့နေအိမ်၌ အသုံးပြုသည့် မီးများကို သေချာစွာစိစစ်ပြီးမှ သွားလာကြရန် သက်ကြီးရွယ်အိုများ ကလေးသူငယ်များအား မီးကို အသုံးမပြုစေရန်၊ မီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ ရေပုံး သဲပုံးများ အသင့်ထားရှိရန်၊ လောင်စာဆီများ စည်းကမ်းမဲ့ သိုလှောင်အသုံးပြုခြင်း ရောင်းချခြင်းများ မပြုလုပ်ကြရန်နှင့် မီးဘေး အန္တရာယ် ဖြစ်ပေါ်လာပါက အရေးပေါ်ဖုန်း ၁၉၁၊ တောင်ဥက္ကလာပမြို့နယ် မီးသတ်စခန်းသို့ ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း စသဖြင့် လိုက်လံဆော်သြပေးခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လောင်စာဆီဆိုင်များစစ်ဆေးခြင်း၊ဈေးများတွင် မီးသုံးစွဲမှုများအား စစ်ဆေးဆောင်ရွက်ခြင်း လက်တွေ့သရုပ်ပြ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်ဆွေနှင်း(ပြန်/ဆက်)