Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်
Mar 12,2022
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်ဖြင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အိမ်ထောင်စု လူဦးရေစာရှင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀:၃၀) အချိန်၌ သာကေတမြို့နယ် (၁၀)/တောင်ရပ်ကွက်ရှိ ရန်အောင်မြေ ဓမ္မာရုံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၇၈)ကတ်အား ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် (၈)နာရီမှ ညနေ (၃)နာရီအချိန်အထိ ၁၆/၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စိုက်ဧကပေါင်း (၁၅၀၀)ကျော်အား အကျိုးပြုနိုင်သည့် ထုံးအိုင်-ကော့သံခါ ကုန်ထုတ်လမ်းဖွင့်လှစ်
Mar 12,2022
၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ထုံးအိုင်ကျေးရွာ၊ ကော့သံခါကျေးရွာနှင့် မိန်းမလှကျွန်း ကျေးရွာများမှ စိုက်ဧကပေါင်း (၁၅၀၀)ကျော်ကို အကျိုးပြုနိုင်သည့် ထုံးအိုင်-ကော့သံခါ ကုန်ထုတ်လမ်းဖွင့်ပွဲကို မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခန့် အဆိုပါလမ်းမုခ်ဦး တည်နေရာ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပခြင်း
Mar 12,2022
ကလေးအလုပ်သမား ခိုင်းစေမှု လျော့နည်းပပျောက်ရေး အသိပညာပေး Talk Show ကျင်းပ ဆောင်ရွက်မှုကို ယမန်နေ့နံနက်၁၀နာရီက ချမ်းမြသာစည် မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre တွင်ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန် လူထုအခြေပြု ဗဟိုဌာန (Community Centre ) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်
Mar 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) တို့ ပူးပေါင်း၍ ယမန်နေ့ နေ့လည်(၁၁)နာရီအချိန်က စာရေးဆရာ ညီညီနိုင် ရေးသားထားသည့် " ပညာနှင့် ဘဝ " စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 12,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် ကာလရောက် လာသည်နှင့်အမျှ မီးလောင်မှုများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖြူးမြို့ပေါ်ရပ်ကွက်အတွင်း နေထိုင်သော မိဘပြည်သူများ သတိထား သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်းများနှင့် မီးငြိမ်းသတ်ရန် ထားရှိသည့် မီးသတ်ရေကန် ရေအမြဲရှိရေး၊ လိုအပ်လာပါက အသုံးပြုနိုင်ရေး စစ်ဆေးမှုများကို မတ်လ(၁၀)ရက်နေ့၊ ညနေပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့မှ သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းစံမြို့ စျေးပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Mar 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းစံမြို့ စည်ပင်သာယာရေး ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် မြို့သန့်ရှင်း သာယာလှပရေးအတွက် ဆောင်ရွက် လျက်ရှိရာ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ မီနီဘတ်ဂျက် ဒုတိယ(၃)လပတ်တွင် ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၂.၃၃)သန်းဖြင့် ဆောင်ရွက်သည့် စျေးပတ်လမ်း ကွန်ကရစ် ခင်းကျင်းခြင်း လုပ်ငန်းဆောင် ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လက်ထောက်ကြီးကြပ်ရေးမှူးများ လုပ်ငန်းတာဝန်ဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲပြုလုပ်
Mar 11,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ မတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လက်ထောက်ကြီးကြပ်ရေးမှူးများ လုပ်ငန်းတာဝန်ဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22096
Page
22097
Page
22098
Page
22099
Current page
22100
Page
22101
Page
22102
Page
22103
Page
22104
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department