အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ သတင်းအမှား/အမှန် ခွဲခြားသုံးသပ်ရေးနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့ညနေ(၄)နာရီက ကျင်းပပြုလုပ်သည်။
Mar 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများ စိုက်ပျိုးရေး အသိပညာများ ပိုကျယ်ပြန့်စွာ သိရှိနာလည်နိုင်စေရန်အတွက် ကွင်းဆင်း အသိပညာပေး ဆွေးနွေးမှုများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Mar 12,2022
မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝမြေဩဇာကို ပိုမိုအသုံးပြုနိုင်ရန် ပိုက်ဆံလျှော် စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ရပ်ကွက်ကျေးရွာများ ကွင်းဆင်း၍  အသက် ၁၈နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်၉နာရီက ကွင်းဆင်း ဆောင်ရွက်ပေးသည်။
Mar 12,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီအချိန်က တောင်ပိုင်း ရပ်ကွက် မြို့အဝင် ပေါက်ပင်တန်း၌  စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (mask) များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 12,2022
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသော တောင်သူ များ၏ သစ်တောလယ်ယာမြေနှင့်သီးနှံ ဧရိယာ(၄.၂၃)ဧကအတွက် လျော် ကြေး ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒက္ခိဏခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးနိုင်က အမှာစကားပြောကြားသည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မတ် ၁၀ ရက်နေ့တွင် ပေကုန်းကျေးရွာအုပ်စု၊မတ် ၁၁ ရက်နေ့တွင် မြေဖြူမုံညင်းအုပ်စုများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသူ မကျန်ရှိစေ ရေးအတွက် ကျေးရွာများအရောက် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိသည်။
Mar 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။