မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဒဂုံမြောက်၌ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်   မတ် ၁၅

ယခုအခါ ပူပြင်းခြောက်သွေ့သော ဆောင်းရာသီ ကုန်ဆုံး၍ နွေရာသီသို့ ကူးပြောင်းရောက်ရှိ လာပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရပ်ရွာအတွင်း မီးဘေးအန္တရာယ်မဖြစ်စေရေးအတွက် ယမန်နေ့ ညပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၈)ရပ်ကွက်တွင် ရပ်ကွက်တာဝန်ရှိသူများမှ လှည့်လည်၍ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ရာတွင်  အမှတ်  (၄၈) ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် ရပ်ကွက်နေ ပြည်သူများ  မီးဘေးအန္တရာယ်ဖြစ်ပေါ် လာပါက အရေးပေါ်ဖုန်း ၁၉၁၊ ဒဂုံမြောက် မြို့နယ်မီးသတ်စခန်း ၀၁၃ ၅၈၄၀၆၀ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အများပြည်သူ မီးကိုအသိသတိဖြင့် သုံးစွဲကြရန် ရပ်ကွက်များအတွင်းသို့ ညစဉ် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ(ဒဂုံမြောက်)