အမြို့မြို့အနယ်နယ်သတင်းများ

Mar 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် (၃၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၆ နာရီက စူဠာမုနိကုသိုလ်တော် ဘုရားကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ အောင်သိဒ္ဓိစေတီတော်ဘုရား ပုရဝုဏ် အတွင်းအပြင်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် သာယာဝတီခရိုင် မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ လမ်းညွန်မှုဖြင့်သာ ယာဝတီ ခရိုင်နှင့် မြို့နယ်၊ နယ်မြေမီးသတ်စခန်းရှိအိမ်ထောင်ရှိတပ်ဖွဲဝင်နှင့် တပ်ဖွဲ့ဝင်များ၏ ဇနီးအမျိုးသမီးများ ယမန်နေ့ (တပေါင်းလပြည့်နေ့) နေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Mar 17,2022
ရခိုင်ရိုးရာ သျှစ်သောင်းမြှောက်ပွဲ(သဲပုံစေတီ)ပွဲတော်ကို စစ်တွေမြို့ပွိုင့်ကမ်းခြေနှင့် ငပလီကမ်းခြေတို့၌ မတ်လ ယမန်နေ့(တပေါင်းလပြည့်နေ့) နေ့လယ်ပိုင်းမှ စတင်ပြီးကျင်းပခဲ့ကြောင်း သိရသည်။
Mar 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ တပေတမော့ ကျေးရွာအုပ်စု၊ ကျုံလှကျေးရွာရှိ ဓမ္မဝိဟာရ ဘိုးဘွားရိပ်သာကျောင်းအတွင်း၌ တည်ထားကိုးကွယ်သည့် "ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီး" အား ဆရာတော် ဦးဓမ္မသုခက ဦးဆောင်၍ ယမန်နေ့ နံနက် (၇)နာရီခွဲအချိန်ခန့်ကစ၍ ဌာပနာပိတ်ပူဇော်ပွဲ ကျင်းပခဲ့သည်။
Mar 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံစေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့် အချက်များကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် လိုက်လံသတိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၁၀နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး ဟောပြောပွဲကို ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် ငါ့သရောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းတို့မှ ဆွေးနွေးခဲ့ကြောင်း သိရသည်။
Mar 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ရှုခင်းသာ၊ ပဋိပတ္တိစွမ်းအား တောရဓမ္မရိပ်သာ ကျောင်းဝန်းအတွင်း တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့် (၁၈၁)ပေခွဲ၊ အတောင် (၁၂၁)တောင်ရှိ ရွှေတိဂုံစေတီပုံတူ မဟာအတုလမြတ်ဗုဒ္ဓစွမ်းအား စေတီတော်မြတ်ကြီး တည်ထားတော်မူရန်အတွက် မဏ္ဍိုင်ပိုင်ရိုက်စိုက်ထူခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။