Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ချောင်းဆုံတွင် စားသုံးဆီဖူလုံရေးအတွက် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နေကြာစိုက်ဧက (၃၁၀၀) စိုက်ပျိုးရန်လျာထား
Mar 11,2022
မြို့နယ်အတွင်း စားသုံးဆီဖူလုံမှုတိုးတက်စေရေးအတွက် လာမည့်နှစ်တွင် ဆီထွက်သီးနှံ နေကြာ စိုက်ဧက(၃၁၀၀)တိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်ထားကြောင်း၊ စိုက်ပျိုးလိုသည့် တောင်သူ များအား မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် စိုက်ပျိုးနည်းပညာများ ရရှိရေးတို့အတွက် စိုက်ပျိုးရေး ဦးစီးဌာနမှ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် အတွင်း ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံ နေကြာစိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် မော်လမြိုင်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသိန်းအောင်သန်းနှင့် ဝန်ထမ်းများ မြို့နယ် စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များတို့ ပူးပေါင်းကာ ယမန်နေ့က ချောင်းဆုံမြို့နယ် ကုလားဘီ ကျေးရွာရှိ ဆီထွက်သီးန နေကြာ စိုက်ပျိုးမြေများသို့ ကွင်းဆင်းပြီး ပညာပေးစည်းရုံးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ်၌ မြို့တွင်းလမ်းနှစ်သွယ် ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Mar 11,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ စည်ပင်သာယာရေးဦးစီးဌာနမှ ၂၀၂၁−၂၀၂၂ ဘဏ္ဍာရေးနှစ်၌ မြို့တွင်းလမ်းနှစ်သွယ် ကျောက်ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်သဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စီစစ်ရေးကော်မတီမှ ပြီးစီးမှုအခြေအနေများကို ယနေ့နေ့လည်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်နိုင်ရေးနှင့် (၄၈) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်…
Mar 11,2022
၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ် ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပ ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မွန်ပြည်နယ်အနေဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်နိုင်ရေးအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး၊ ဆရာတော် ကြီးများနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများအား ဆွမ်းဆက်ကပ်နိုင်ရေး၊ ဆွမ်းခြောက်များ လောင်းလှူရေး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီဝင်များ က ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်၊၊
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်တွင် စည်ပင်သာယာရေးဌာန၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းများအား ဈေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချ
Mar 11,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များအား ပထမအကြိမ် ဈေးပြိုင် လေလံစနစ်ဖြင့် စိစစ်ရောင်းချခြင်းကို ယမန်နေ့က မြို့နယ်ခန်းမှ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 11,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့၌ အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်းမရှိဘဲ သွားလာနေသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့မမင်္ဂလာဈေး မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ ၁၃၂၀ ဦး ဖြေဆိုမည်
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်း ခရိုင်၊ သင်္ဃန်းကျွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအတွက် စာစစ်ဌာန သုံးခုထားရှိထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၃၂၀ ဦး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်လိုင်စင်များ ညောင်ရွှေ၌ လေလံတင်ရောင်းချ
Mar 11,2022
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
Mar 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက သတ်မှတ်စုရပ်နေရာများ၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22099
Page
22100
Page
22101
Page
22102
Current page
22103
Page
22104
Page
22105
Page
22106
Page
22107
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department