အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် (၈)နာရီက မိုင်းခတ်မြို့နယ်၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ ကုန်းမွန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Mar 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ပြည်ထောင်စုခွင့်ပြု ရန်ပုံငွေကျပ် ၂၇၀ သန်းဖြင့် တည်ဆောက်လျက်ရှိသော အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်းရှိ RC နှစ်ထပ်စာသင်ကျောင်းဆောင် ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးလင်းအောင်ထံကသိရသည်။
Mar 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာန၏ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ စျေး​ပြိုင်လေလံ စနစ်ဖြင့်ရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်စည်ပင်သာယာရေးဌာန၌ ပြုလုပ်ခဲ့သည်။
Mar 12,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေး လုံခြုံစေရေန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီခွဲက မြို့ပေါ် ရပ်ကွက် (၄)ရပ်ကွက်သို့ လှည့်လည်ကာ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ သတိပြုရမည့် အချက်များကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 12,2022
အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မမေ့သင့် မမေ့အပ်သော နေ့ထူးနေ့မြတ်များအကြောင်း သိရှိ‌‌စေရန်နှင့် မှတ်သားအတုယူနိုင်စေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ မတ်လ ၂၇ရက်နေ့တွင် ရောက်ရှိမည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အကြို အလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
Mar 12,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်မီးသတ်ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တာမွေမြို့နယ်ရှိ အစိုးရဌာနဆိုင်ရာ ရုံးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
Mar 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ၂၀၂၂ ခုနှစ်၊ မတ်လနှင့် ဧပြီလအတွင်း ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မြို့နယ်အတွင်းရှိ စာစစ်ဌာနမှ ကျောင်းသား ကျောင်းသူ (၅၄၀)ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Mar 12,2022
၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြမည့် ရန်ကုန်မြောက်ပိုင်း ခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း မီးဘေးအန္တရာယ် လုံခြုံစိတ်ချစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရန်နှင့် စာစစ်ဌာန များတွင် မီးလောင်မှု၊ မီးလန့်မှု များမဖြစ်ပွားစေရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက မတ်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက အ.ထ.က(ထန်းတပင်)၊ အ.ထ.က (လှည်းဆိပ်)နှင့် အ.ထ.က(ကျူတော)ကျောင်းစာစစ်ဌာန (၃)ခုတို့အား မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လိုက်လံ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။