အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2022
ကချင်ပြည်နယ်၊  ဗန်းမော်ခရိုင်၊  မံစီမြို့နယ်အတွင်းရှိပြည်သူများ   ကိုဗစ်-၁၉ရောဂါ  ကြိုတင် ကာကွယ်နိုင်ရေးနှင့် ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက်  မတ် ၁၁ ရက်နေ့က မံခံရေခူးကျေးရွာနှင့် ကုန်းတိန်ကျေးရွာတို့၌ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Mar 11,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် ရုံးဌာန များနှင့် နေအိမ်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးငြိှမ်းသတ်နည်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 11,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ ဂျိန်းဖေါ့မြေရပ်ကွက် အမှတ် (၃) အခြေခံပညာ မူလတန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက  ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှင့် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
Mar 11,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ဒေသခံပြည်သူများကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကျေးရွာအရောက် နယ်လှည့်ကွင်းဆင်းထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။
Mar 11,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီ အချိန်က သန်ချဆေးနှင့်ဗီတာမင်(အေ)ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 11,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးတွင် မီးဘေးအန္တ ရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီ (စျေးများနှင့်ကုန်စည်ပွဲရုံများဌာန)၏ စီစဉ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်ရှိ ဒဂုဏ်ညွန့်စျေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mar 11,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီမှ ဖြန့်ချိသည့် ဒေါနမြေလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ
Mar 11,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်၊ အမာမြို့အမှတ်(၃)ရပ်ကွက်၊ မြန်မာ့ ဆက်သွယ်ရေးနှင့် မြန်မာ့စာတိုက်လုပ်ငန်း ရုံးအဆောက်အဦအတွက် အသုံးပြုထားပြီး ဖြစ်သော မြေနေရာများအား ကာယကံရှင်များ နစ်နာမှုမရှိစေရန်နှင့် အငြင်းပွားနိုင်သည့် နှုန်းထားများ မဖြစ်စေရန်အတွက် သင့်တင့်မျှတသော နှုန်းထားတို့ဖြင့် မြေယာလျော်ကြေးငွေ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။