အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ တန်းခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားတွင် အစိုးရရုံးပိတ်ရက်ဖြစ်သော တပေါင်းလပြည့်နေ့၌ ဘုရားဖူးပြည်သူ များဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
Mar 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်များ ထပ်မံတွေ့ရှိနေခြင်းကြောင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ် လူစည်ကားရာနေရာများ၌ Mask တပ်ဆင်ထားခြင်း မရှိသူ လမ်းသွား လမ်းလာပြည်သူများအား မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေ​ပေးခြင်းကို မတ်လ (၁၆)ရက်နေ့နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့ပေါ် ဆိပ်ကမ်းသာစျေးနှင့် လူစည်ကားရာ နေရာများ၌ ပြုလုပ်ကြသည်။
Mar 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ရေလည်စုကျေးရွာ ရေလည်စု ဘုရားကြီးတွင် တပေါင်းလပြည့်နေ့  နေ့ထူးနေ့မြတ် အချိန်အခါသမယ ယနေ့နံနက်ပိုင်းမှစ၍ ကျောက်တံခါးမြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Mar 16,2022
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး​၏ ကျောက်လုံးတော်ကြီးအား (၃)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူခဲ့သည့် (၁၀)ကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူပွဲ၊ ရေစက်ချ တရားနာနှင့် ဆွမ်းဆန်စိမ်း‌ လောင်းလှူပွဲ အခမ်းအနားကို ယနေ့ တပေါင်းလပြည့်နေ့တွင်    အဆိုပါ ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 16,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေး Mobile Team အဖွဲ့များဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မာလဲကျေးရွာ၊ နတ်တောင်ကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ပြီး ယနေ့ နံနက်ပိုင်း အချိန်မှစ၍ ညနေပိုင်းအချိန်အထိ လက်ပံလှကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 16,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော လေးကျွန်းမာရ်အောင် စေတီတော် မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။