ကျွန်းလှ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်၊ မြို့မရုံးဦး ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော လေးကျွန်းမာရ်အောင် စေတီတော် မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်းကို မြို့မရုံးဦး ကျောင်းတိုက်ဆရာတော် ဦးသုဘောဂ၏ ဩဝါဒမိန့်ကြားမှုဖြင့် ဂေါပကအဖွဲ့များ ဦးဆောင်ပြီး ဘုရားဒါယကာ၊ ဒါယိကာမများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းကပ်လှူမည် ဖြစ်ကြောင်း၊ လှူဒါန်းလိုပါက အလှူခံဌာနသို့ ကိုယ်တိုင်လှူဒါန်းနိုင်ပြီး ဖုန်း ၀၉-၇၈၉၈၀၀၀၈၀၊ ၀၉- ၇၉၆၉၁၈၃၀၃၊ ၀၉-၄၀၀၄၃၀၅၁၅ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ