ပင်းတယ မတ် ၁၆
ရှမ်းပြည်နယ် (တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသပင်းတယမြို့နယ် ရွှေဥမင်သဘာဝ လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုတ်ပွားတော်များနှင့် စေတီပုထိုးတော်များအား ဘုရားအနေကဇာတင် လှူတော်မူခြင်း မင်္ဂလာအခမ်းအနားကိုယနေ့နံနက် ၆ နာရီကကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာရွှေဥမင်သဘာဝလိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များနှင့် စေတီပုထိုးတော်များအား အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကို ပင်းတယမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အရှင်စန္ဒောဘာသနှင့် ဆရာတော်များက ရွတ်ဆိုအနေကဇာတင်တော်မူသည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ မြို့နယ် သံဃနာယက ဆရာတော်နှင့် အဖွဲ့ဝင်သံဃာတော်များအား ရှိခိုးကန်တော့ကြ၍ ငါးပါးသီလ ခံယူ ဆောက်တည်ကြကာ၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ သံဃာတော် အရှင်သူမြတ်တို့အား အာရုံဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အနေဖြင့် ယခင်နှစ်များစွာကတည်းက နှစ်စဉ်ရွှေဥမင် သဘာဝလိုဏ်ဂူဘုရား တပေါင်းပွဲတော်နှင့် "ဓနုဆုံဆည်းရာ" ပွဲတော်ကို ကျင်းပပြုလုပ်ခဲ့သော်လည်း၊ ယခုအခါကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိကြောင်း သိရပြီး၊ ယနေ့တွင် ရွှေဥမင်သဘာဝလလိုဏ်ဂူတော်နှင့် ကုံလုံစဉ်စံကျောင်းတို့အား ရပ်ဝေး၊ရပ်နီးမှ လာရောက်သည့် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ပင်းတယ (ဒေသပြန်/ဆက်)