အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2022
ယနေ့တွင် ကျရောက်သည့် ၁၃၈၃-ခုနှစ် တပေါင်းလပြည့်နေ့သည် မြန်မာလူမျိုးတို့၏ နေ့ထူး နေ့မြတ်ဖြစ်သည်နှင့်အညီ ယနေ့နံနက်ပိုင်းအချိန်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ ကပ်လှူ၍ ကုသိုလ်ပြုကြသူများ၊ ဥပုဒ်သီလစောင့်တည်သူများဖြင့် အထူးပင်စည်ကားလျက် ရှိကြောင်း သိရသည်။
Mar 16,2022
ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ ဝင်ရောက်သည့် ကျွန်းများ၊ ယာမြေများပေါ်တွင် စိုက်ပျိုးသည့် ဆောင်းသီးနှံများ ရိတ်သိမ်းလျက်ရှိပြီး ယခုနှစ်ဈေး ပဲအမျိုးနှင့် စီပီပြောင်းများဈေးကောင်း ရရှိကြောင်းသိရသည်။
Mar 16,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ကျိုက်ထိုဇောတိကာရုံ ပရိယတ္တိစာသင်တိုက်အတွင်း တည်ထားကိုးကွယ်တော်မူသော သီရိဓမ္မမဟာပဋ္ဌာန ဆုတောင်းပြည့် စေတီတော်နှင့် အရံစေတီတော်တို့အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ထီးတော်တင်လှူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ ရေစက်ချအလှူတော်မင်္ဂလာပွဲကို မတ်လ ၁၆ ရက် (တန်ပေါင်းလပြည့်)နေ့ နံနက်ပိုင်းကကျင်းပပြုခဲ့သည်။
Mar 16,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ်ရှိရာ ပန်ဝါမြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မတ် ၁၂ ရက်နှင့် ၁၄ ရက်တို့တွင် ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
Mar 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏ အထင်ကရတစ်ခုဖြစ်သော မြို့ကျက်သရေဆောင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ် အချိန်အခါသမယ ဖြစ်သည့်အားလျော်စွာ မတ် ၁၆ ရက် နံနက်ပိုင်းမှစ၍ ပဲခူးမြို့ရှိ ဒေသခံပြည်သူများ အပါအဝင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Mar 16,2022
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဥ်လမ်းညွှန်မှုဖြင့် မတ်လ (၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ် ပင်မဆောင်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 16,2022
မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ယနေ့နံနက် ၉ နာရီက အကြိမ် (၄၀)နှင့်အထက် သွေးအလှူရှင်များကို ဂုဏ်ပြုပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Mar 16,2022
တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်မြို့နယ်အတွင်းရှိ အခြေခံမဲဆန္ဒရှင် မြေပြင်စာရင်းများ ပြည့်စုံမှန်ကန်နိုင်ရေးအတွက် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ကွန်ပျူတာ ကျွမ်းကျင်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများ၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဝန်ထမ်းများပူးပေါင်း၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။