အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးလုံခြုံမှုရှိစေရန်နှင့် မီးဘေးကြိုတင် ကာကွယ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ရိုင်၊ မင်းတုန်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ (၆) လ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းတုန်းမြို့နယ်နှင့် ကံမ မြို့နယ် မြို့နယ်ချင်းဆက် လမ်းမြေနီခင်းခြင်းလုပ်ငန်း ယမန်နေ့က ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနခရိုင်မှူးနှင့် ဝန်ထမ်းများ ပူးပေါင်၍ ကလေးအလုပ်သမား ပပျောက်ရေး
Mar 15,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron) ကူးစက်မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပေးချက်များနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ရပ်ကွက်များ အတွင်း (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
Mar 15,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပေးအချက် များကို မတ်လ(၁၅)ရက်နေ့ နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်များသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Mar 15,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ ယမန်နေ့ နံနက်ပိုင်းက မြိုနယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ တွေ့ဆုံကာ ဒေသတွင်းလုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးရေး တို့အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
Mar 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ခွီးကျေးရွာအုပ်စု၊ သောင့်တော်ကျေးရွာတွင် မိုးရာသီကာလ အတွင်း ကျေးရွာနေပြည်သူများ သွားလာရေး အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာနေပြည်သူများ စုပေါင်း၍
Mar 15,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ အောင်သင်း ရေးသားသော “ မျိုးဆက်သစ်ရဲ့ မဟာမိတ် ” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။