Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်ရှိ/မရှိ စစ်ဆေးခြင်းနှင့် အထိုင်ချစနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လက်မှတ်များ စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ သတင်းအမှားအမှန် သုံးသပ်နိုင်ရေး၊ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်
Mar 15,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ သတင်း အမှား/အမှန် ခွဲခြားသုံးသပ်ရေး၊ ဥပဒေရေးရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အများပြည်သူများသိရှိလိုက်နာနိုင်စေရန် အသိပေးကြေညာခြင်းများ ဆောင်ရွက်
Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး သတိပေးကြေညာချက် ( ၁ /၂၀၂၂ )ကို မြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပေးကြေညာခြင်းကို မတ်လ (၁၄)ရက် နေ့ ညနေ (၆:၃၀) နာရီ မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်၌ အခြေံခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်လဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Mar 15,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ ပြည်ထောင်စု ရွေးကောက်ပွဲအဖွဲ့ဝင် ဦးသန်းဝင်း၊ ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးဟိန်းလင်းထက်နှင့် ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးထင်ကျော်တို့မှ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စားသုံးဆီများ သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Mar 15,2022
မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၏ စီစဉ်မှုဖြင့် စားသုံးဆီများသက်သာသောဈေးဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခြင်းကို ကြို့ပင်ကောက်မြို့ ဈေးချိုမြောက်ရပ်ကွက် ရုံးလမ်းရှိ ရွှေဂျိုးဖို ကုန်မျိုးစုံဆိုင်တွင် မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ရောင်းချပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့်သူများအား ယနေ့နံနက်(၉)နာရီ အချိန်က ကျွန်းစုမြို့ပေါ် မိုးလုံလေလုံအားကစားခန်းမနှင့် ကံမော်ကျေးရွာတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မောက်မယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး ဆက်လက် ထိုးနှံပေး
Mar 15,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ရောဂါဆက်လက်ပြန့်ပွားမှုမရှိစေရေးနှင့် ပိုမိုထိန်းချုပ်နိုင်ရန် မြို့ပေါ်(၇)ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုး ကြောင့် ကာကွယ်ဆေးလုံးဝမထိုးနှံရသေးသူများ ထိုးနှံရန်ကျန်ရှိနေသော ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်၉နာရီက စျေးတန်းရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ ကာကွယ်ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22059
Page
22060
Page
22061
Page
22062
Current page
22063
Page
22064
Page
22065
Page
22066
Page
22067
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department