Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Mar 15,2022
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ ရောက်ရှိပါသောကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့် သာသနိက အဆောက်အဦများ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့က မြို့ပေါ်ရပ်ကွက်အတွင်းသို့ တစ်အိမ်တက်ဆင်း စစ်ဆေးပြီး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ် သီရိမင်္ဂလာစေတီတော်တွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊အရန်စေတီများ၏ ထီးတော်များနှင့် ဘုရားရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာရှိ သီရိမင်္ဂလာတပ်ဦးကော်ပတ်တော ကျောင်းတိုက်တွင် တည်ထားလျက်ရှိသည့် သီရိမင်္ဂလာစေတီတော်ကြီး၏ ရွှေထီးတော်၊ အရန်စေတီများ၏ထီးတော်များနှင့် ဘုရားရုပ်ပွားတော် တို့ကို ယမန်နေ့ ညနေက မြို့တွင်းသို့ လှည့်လည်ပူးဇော်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းများ ထူထောင်ရေး အသိပေးဆွေးနွေးပွဲ ပြုလုပ်
Mar 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ကျောင်းကျန်းမာရေးကော်မတီမှ ကျန်းမာရေးအဆင့်မြှင့် ကျောင်းများ ထူထောင်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့နေလည် ၁နာရီခွဲက တွံတေးမြို့ ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အုတ်ဖိုမြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ မြို့မ(၂)လမ်းတွင် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ်၍ စားအုန်းဆီများကို ဆီလုပ်ငန်းရှင်နှင့် ဆီကုန်သည်များအသင်းမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းကြားကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၄)စုအတွက် မကွေးတိုင်း ကြက်ခြေနီသူနာပြု တပ်ဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဒေါ်ခိုင်ခိုင်လှနှင့်အဖွဲ့မှ သွားရောက်ထောက်ပံ့
Mar 15,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အင်းကြားကျေးရွာ၌ မီးဘေးသင့်အိမ် ထောင်စု(၄)စုအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မကွေးတိုင်း ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ မီးဘေးသင့်အိမ်ထောင်စုလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း “အိုမီခရွန်”ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Mar 15,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း “အိုမီခရွန်” ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့ ်သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့တွင် ဆီထွက်သီးနှံ ဆင်းရွှေကြာ-၂ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်း
Mar 15,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ဆင်းရွှေကြာ-၂မျိုး ဆီထွက်သီးနှံ နေကြာဧကပေါင်း ၁၁၄ ဧက စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်းအသင်း၏ ၄၇၉၉ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူ
Mar 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်လုံးဆိုင်ရာ သံဃဒါနဆွမ်းလောင်း အသင်း၏ (၄၇၉၉) ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူမှုကို ယနေ့နံနက် အရုဏ်တက်အချိန်၌ လောင်းလှူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22058
Page
22059
Page
22060
Page
22061
Current page
22062
Page
22063
Page
22064
Page
22065
Page
22066
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department