အမြို့မြို့အနယ်နယ်သတင်းများ

Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၀)နာရီက ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ စာအုပ်စာစောင်များ ပြသခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
Mar 15,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကမမောင်းမြို့တွင် ရောက်ရှိနေ သော စစ်ဘေးရှောင်ပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ခြင်ထောင် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 15,2022
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရန်နှင့် ရှောင်ကြဉ်နိုင်စေရန်အတွက် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေခက်ခဲသော ကျေးရွာများအား သောက်သုံးရေ ဖူလုံစွာ ရရှိရေးလုပ်ငန်းများ
Mar 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့မစည်ပင်သာယာဈေး၌ ပါးစပ်နှင့်နှာခေါင်းစည်း (mask)များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် သတ်မှတ်ထားသော စည်း ကမ်းချက်များကို လိုက်နာနိုင်ရေး ကြပ်မတ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ကြောင်း သိရသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၉)နာရီ က ချောင်းပတ်အတွင်းရှိ လမ်းဆုံနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၀င်များနှင့်ပရဟိတအဖွဲ့၀င်များက Hand Speaker ဖြင့်လှည့်လည် နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Mar 15,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြင်းခြံခရိုင်ရုံးမှ အခမဲ့ ထုတ်ဝေဖြန့်ချီသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 15,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က Women Club အဖွဲ့မှ စာဖတ်စွမ်းရည်၊ အသိပညာဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ အတွဲ(၁၉) အမှတ်(၄)မှ သောင်းညွန့်ဦး(ငါးသိုင်းချောင်း)ရေးသားသည့် အသည်းကင်ဆာကြောက်စရာ၊ ညွန့်ဝင်း (နတ်တလင်း) ရေးသားသည့် အောက်ဆီဂျင်ရရှိစေသော အစားအစာများ၊ မင်းမောင်မြင့် (ကလော့သော့) ဆောင်းရာသီနှင့်ကျန်းမာရေး စသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။