စဉ်ကူးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

စဉ့်ကူး မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကလေးအလုပ်သမား ၏အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်၊ ကလေးအလုပ်သမားများအား ကောင်းမွန်သော အလုပ်အကိုင်ရရှိရေး၊ ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်နိုင်ရေး၊ မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေတွင် ကလေးအလုပ်သမား များနှင့် ပတ်သက်သည့် ပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ကလေးသူငယ်ဥပဒေပါ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက် လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်