အမြို့မြို့အနယ်နယ်သတင်းများ

Mar 16,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်း သမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ အလှူရှင်များစုပေါင်းကာ မတ်လ (၁၆)ရက်နေ့၊ (တပေါင်းလပြည့်နေ့) နံနက် ၈ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Mar 16,2022
မန္တလေးတိုင်းဒေသကြီး၊  မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ  (Talk Show)ကို ယမန်နေ့ ညနေ(၄)နာရီက လူထုအခြေပြုဗဟိုဌာန Community  Centre  ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Mar 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ၌ (၇၇)နှစ်မြောက် တပ်မ တော် နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက် ၇နာရီအချိန်က အဆို ပါကျေးရွာ ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့သည်။
Mar 16,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ အထက(၁)နှင့် အထက(၂) တို့မှဆရာ/ဆရာမများအား မီးငြိမ်းသတ်မှုသရုပ်ပြသခြင်းကို မတ်လ ၁၆ ရက် နံနက် (၁၀) နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းပြုလုပ်သည်။
Mar 16,2022
မွန်ပြည်နယ် မော်လမြိုင်မြို့ ကျက်သရေဆောင်တန်ခိုးကြီးဘုရားများတွင် တပေါင်းလပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ၊ အေးချမ်းစွာ ကုသိုလ်ယူသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။
Mar 16,2022
ပင်လောင်းမြို့နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကောင်လှိုင်းရွာ၌ ဆောင်းနေ​ကြာကို စမ်းသပ်စိုက်ပျိုးရာ ယခုအချိန်တွင် ခူးဆွတ်နေပြီဖြစ်ကြောင်းသိရသည်။
Mar 16,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centreခန်းမတွင် ချစ်နိုင်(စိတ်ပညာ) ရေးသားသည့်အောင်မြင်ဖို့အချိန် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက ကျင်းပပြုလုပ်ရာ စာဖတ်ဝိုင်းသို့ BookClub၊ Youth Club အဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
Mar 16,2022
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု ရှမ်းလယ်ပြင်တွင် တည်ထားကိုးကွယ်ထားသော ငြိမ်းချမ်းရေးဧစေတီတော်အား မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီက ထီးတော်တင်မင်္ဂလာ အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။