အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၁ - ၂၀၂၂ ခုနှစ် ပညာသင်နှစ် နှစ်ဆုံးစာမေးပွဲ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က စတင် ပြုလုပ်ခဲ့သည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ် များမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်များ ကြုံတွေ့လာပါက ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီဌာနနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တောင်ပိုင်းခရိုင် တွံတေးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးမှူးရုံးမှ ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနိူင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ မေ(၃) ရက်နေ့မှ ၂၀၂၂ ခုနှစ် မတ်လ(၁၆)နေ့အထိ ရပ်ကွက်၊ ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ (၁၀၀)ရာခိုင်နှုန်း ပြီးစီးသွားပြီ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
Mar 18,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွား တိရစ္ဆာန်များအား ဒေါင့်သန်းရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့ နံနက် (၇)နာရီက ညောင်ဂျစ်ကျေးရွာအုပ်စု၊ ညောင်ဂျစ်ကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယနေ့ နေ့လယ် (၁) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ ဒေါက်တာကျော်စိန်၏ "လူငယ် လမ်းညွှန်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
Mar 18,2022
ကျိုက်ထိုမြိုနယ်ရှိ ပြည်သူများ လျှပ်စစ်ဓါတ်အား ချွေတာသုံးစွဲနိုင်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ရုံးတွင် ယနေ့လည်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဂုံမင်းကျေးရွာအုပ်စု၊  အမှတ်(၁၂)၊ ရေသွယ် မြောင်းတွင် ယမန်နေ့ နံနက် ၁၀နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစီ အစဉ်ဖြင့် Mega Global Green Automation ကုမ္ပဏီမှ လယ်ဧက (၂၅) ဧကအတွက် ဒေသသုံး ပန့်နှင့် ဆိုလာကုန်ကျစရိတ် နှိုင်းယှဉ်ချက် သရုပ်ပြသခဲ့သည်။