အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီကာလ မြို့နယ်အတွင်း မီးဘေးလုံခြုံ စေရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ဆက်လက်နှိုးဆော်ခြင်းများကို  မြို့ပေါ်ရပ်ကွက်များတွင် ယနေ့မွန်းလွဲ ၁ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
၂၀၂၂ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် ဘုတ်ချောင်း ကျေးရွာတွင် တည်ထားကိုးကွယ်လျက်ရှိသည့် မြတ်ကိုးပါးဗုဒ္ဓရှင်တော်မြတ်ဘုရားဝန်းအတွင်းရှိ ကြေးဆင်းတုတော်မြတ်(၄)ဆူအား ယနေ့ နံနက်ပိုင်း၌ လေးမျက်နှာမြို့နယ် စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲရင့်နောင် ဦးဆောင်သော တတက(၅) ကွင်းကောက်မှ လုံခြုံရေး တပ်စုနှင့် ဂေါပကအဖွဲ့ဝင်များ ပူးပေါင်းကာ ရောင်တော်ဖွင့်ကုသိုလ်ပြုခဲ့ကြသည်။
Mar 18,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade-11) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း ယမန်နေ့မှစတင်၍ ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 18,2022
ကျောင်းသား၊ ကျောင်းသူကလေးသူငယ်များ အားလပ်ရက်အတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ (၁၄:၀၀) နာရီအချိန်က လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမနှင့်ကလေးစာဖတ်ခန်းတို့၌ ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ နိုင်ငံ့ဝန်ထမ်းနည်းဥပဒများ သိရှိလိုက်နာတက်စေရေး၊ ရုံးစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန်နှင့် မိမိတို့ ရာထူးတာဝန်နှင့် လျော်ညီသော တာဝန်များကို တိကျစွာ ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်၍ ရုံးတွင်းစာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အဆိုပါ ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီမှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော် ဆောင်ရွက်လျက် ရှိသည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် (၇၇)နှစ်မြောက်  တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်(၁) ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် စတင် ဖွင့်လှစ်ကြောင်း သိရသည်။ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သံကြိုးတိုင်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၁) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဧရာဝတီတိုင်း‌ဒေသကြီး စည်ပင်သာယာရေး အဖွဲ့ ခေတ္တညွှန်ကြားရေးမှူး ဦး‌အောင်ကျော်စိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ဌာနဆိုင်ရာများမှ တက်‌‌ရောက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
၂ဝ၂၁-၂၀၂၂ ပညာသင်နှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်လက်မှတ်များကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီက စတင်ထုတ်ပေးလျက်ရှိသည်။