ကျိုက်ထို မတ် ၁၈
ကျိုက်ထိုမြိုနယ်ရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲနိုင်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ရုံးတွင် ယနေ့လည်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား ချွေတာသုံးစွဲရေး နံရံကပ်စာစောင်ပြသရာတွင် ပြည်သူများ အနေဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြုရာ၌ သိရှိလိုက်နာရမည့်အချက်များဖြစ်သော ပြင်ပအလင်းရောင် ကိုအသုံးပြုပါ၊ အိမ်တွင်းလျှပ်စစ်မီးများကို လျှော့သုံးပါ၊ တစ်အိမ်လုံးတွင် မည်သူမှမရှိနေချိန်၌ မလိုအပ်သော လျှပ်စစ်အသုံးပြုမှုအားလုံးကို ပိတ်ခြင်းဖြင့် လျှပ်စစ်ကို ချွေတာသုံးစွဲပါ၊ နားထောင်သူမရှိလည်း အခွေဖွင့်စက်သုံး၍ တီဗွီဖြင့် သီချင်းခွေများ အချိန်ပြည့် ဖွင့်ထားခြင်းကို ဆင်ခြင်ခြင်းဖြင့် လျှပ်စစ်ကိုချွေတာပါ၊ ညအချိန် အိပ်နေချိန်တွင် လျှပ်စစ်မီးများ ပိတ်ထားခြင်း ဖြင့် လျှပ်စစ်ကို နေ့စဉ် ချွေတာသင့်ပါကြောင်း၊ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အားအသုံးပြုခြင်း၊ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အဲကွန်းများကို နာရီပေါင်း များစွာဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ၂၅ ဒီဂရီ စင်တီဂရိတ်ခန့်သာ ထားရှိ အသုံးပြုသင့်ကြောင်း၊ ရိုးရိုးမီးချောင်း မီးလုံးများအစား Energy SaveLamp များကို သုံးစွဲပါ၊ လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်များဖြင့် အတတ်နိုင်ဆုံး အသုံးပြုပါစသည့် လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်း များကို ပြသထားပါ ကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)