အမြို့မြို့အနယ်နယ်သတင်းများ

Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအလယ်တန်းဆင့် (အဋ္ဌမတန်း) (Grade-9)စာမေးပွဲနှင့် ကျောင်း တွင်းစစ်နှစ်ဆုံး စာမေးပွဲများ ယနေ့ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယမန်နေ့ ညနေ(၃)နာရီ အချိန်က သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး၍ ဝန်ထမ်းများအား မီးဘေး ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်းသတ်နည်းအား ဇာတ်တိုက်လေ့ကျင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူများ အား ဆဋ္ဌမအသုတ်(ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covishield ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့ပေါ် မြို့နယ်သာသနာ့ဗိမာန်စုရပ် အပါအဝင် ကျေးလက် ကျန်းမာရေး ဌာန စုရပ်(၄)နေရာတို့တွင် ယနေ့နံနက်(၁၀)နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Mar 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စတင်ကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 18,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ဦးစားပေးအစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့်ကာလ ခြောက်လနှင့် အထက်ရှိသူ နိုင်ငံ့ဝန်ထမ်းများအား Covaxin ထပ်ဆောင်းထိုးနှံ   ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဝါးခယ်မမြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် ထိုးနှံပေးလျက်ရှိသည်။
Mar 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Mar 18,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို လျှော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မတ်လ ၁၉ ရက်နေ့တွင် ပိုင်ကျုံမြို့ တိုက်နယ် ဆေးရုံ၌ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။
Mar 18,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိ ဒေသခံလူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ရေး မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးအတွက် မတ်လပထမပတ်မှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် စုပေါင်းလေ့ကျင့်မှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။